![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/97_15.jpg?itok=HP7hZPhr)
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ပထမပတ်တွင်ရောင်းချနေသော ထန်းလျက်ဈေးနှုန်းမှာ ပန်ထန်းလျက် တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ရိုးရိုးထန်းလျက် တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ နို့ထန်းလျက် တစ်ပိဿာလျှင် (၇၇၀၀)ကျပ်နှင့် စမုံထန်လျက်အသေး(၁)ပိဿာလျှင် (၇၅၀၀)ကျပ် ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။
ထန်းလျက်သည် ထန်းပင်မှရရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ထန်းလျက်ကို အစားအသောက်များ၌ ထည့်သွင်းအသုံးပြုကြကြောင်း၊ မြေပဲယို၊ နှမ်းယို၊ ဇီးယို စသည်တို့ပြုလုပ် ခြင်းနှင့် ဆေးဖော်စပ်ရာတွင်လည်း ထန်းလျက်ကိုအသုံးပြုကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)