![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/107_47.jpg?itok=8oTnOele)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် ယိုးဒယား ခမိန်သရက်(ခေါ်)စိမ်းစားသရက်သီးများကို စတင်ရောင်းချ လျက်ရှိကြောင်းသိရသည်။ ယိုးဒယား ခမိန်သရက်(ခေါ်)စိမ်းစားသရက်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ် အတွင်းရောင်းချနေသော ယိုးဒယား ခမိန်သရက် (ခေါ်)စိမ်းစားသရက်သီးဈေးနှုန်းမှာ ယိုးဒယား ခမိန်သရက်(ခေါ်)စိမ်းစားသရက်သီး (၁)လုံးလျှင် (၂၀၀၀)ကျပ်နှင့် ယိုးဒယားခမိန်သရက်(ခေါ်) စိမ်းစားသရက်သီး (၃)လုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ယိုးဒယားခမိန်သရက်(ခေါ်) စိမ်းစားသရက်သီးသည် ကျွတ်ဆတ်ပြီးချဉ်ပြုံး ပြုံးအရသာရှိသဖြင့် အရသာကောင်းမွန်၍ လူကြိုက်များပြီး အရောင်းအဝယ်သွက်လျက်ရှိ ကြောင်းကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးအရောင်းဆိုင်များမှသတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)