အရောင်းသွက်သည့်ကိုက်လံဟင်းရွက်ကုန်စိမ်း

Powered by Drupal

           မန္တလေးကုန်စိမ်းစျေးကွက်အတွင်းသို့ ဒေသတွင်းမြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ကျန်ဒေသများ မှလည်းဝင်ရောက်ကြောင်းသိရပါတယ်။ မန္တလေးမြို့၄၁လမ်းစျေး(ကမ်းနားလမ်းစျေး)နှင့်သီရိမာလာ ဈေး(ပိုက်ကျုံးစျေး)တို့မှာ ဟင်းသီးဟင်းရွက်ကုန်စိမ်းများ လက်လီ/ လက္ကားရောင်းချသည့်စျေးများ ဖြစ်ပါတယ်။၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက် ကုန်စိမ်းများပိုမိုဝင်ရောက်လျှက်ရှိပြီး၊ သီရိမာလာစျေးမှာ မန္တလေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ် ထွက်ကုန်စိမ်းများပိုမိုဝင်ရောက်ကြောင်း သိရပါတယ်။သီရိမာလာစျေးအတွင်း ပန်းမျိုးစုံ၊ငါး၊ပုဇွန်နှင့် ရေထွက်ပစ္စည်းများနှင့် ကုန်စိမ်းဟင်းရွက်ဟင်းသီးများဖြစ်သည့် ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ/ဖြူ၊ဂျင်း၊ နနွင်းတက်၊မုန့်ညင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ဘိုစားပဲသီး၊ ဆလပ်ရွက်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်တို့အနက် ကိုက်လံဟင်းရွက်လည်း ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။ ကုန်စိမ်းဖြစ်သည့် ကိုက်လံဟင်းရွက်အား ကြော်စား၊ ချက်စား၊ သုတ်စား၊ကိုက်လံသတ္ထုရည်ပြုလုပ်စားသုံးခြင်းဖြင့် အမျိုးမျိုးစားသုံးလျက်ရှိပြီး၊ အဟာရ အနေဖြင့် သွေးထဲရှိ ကိုလက်စထောကိုလျော့ကျစေနိုင်ခြင်း၊ ဗီတာမင် A,C နှင့် K တို့ ကြွယ်ဝစွာ ပါဝင်ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလပထမပတ်အတွင်း ကုန်စိမ်းကိုက်လံဟင်းရွက် ပေါက်စျေးအနေဖြင့် လက္ကားစျေး(၁၀စီးပါ)တစ်စည်းလျှင်  ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ လက်လီ စျေးတစ်စည်းလျှင် ၇၀၀ ကျပ်နှင့် ၈၀၀ ကျပ်အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ကိုက်လံအစည်းအသေးအကြီးအပေါ်မူတည်၍ စျေးနှုန်းအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါ တယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလပထမပတ်အတွင်း ကိုက်လံဟင်းရွက်အပါအဝင် ကုန်စိမ်းသီးနှံ ဝင်ရောက်မှုများပြားသည့်အတွက် ကုန်စိမ်းစျေးနှုန်းအနည်းငယ်ကျဆင်း လျက်ရှိပြီး၊ အရောင်းသွက် လျက်ရှိကြောင်း သီးနှံပွဲရုံကုန်သည်တစ်ဦး၏ပြောပြချက်အရသိရပါတယ်။ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက်Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၄၀)စီး နှင့် (၆၀)စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)