ဝင်ရောက်မှုများသည့်ဟင်းနုနွယ်ရွက်

Powered by Drupal

           မန္တလေးကုန်စိမ်းစျေးကွက်အတွင်းသို့ ဒေသတွင်းမြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ကျန်ဒေသများ မှလည်းဝင်ရောက်ကြောင်းသိရပါတယ်။ မန္တလေးမြို့၄၁လမ်းစျေး(ကမ်းနားလမ်းစျေး)နှင့်သီရိမာလာ ဈေး(ပိုက်ကျုံးစျေး)တို့မှာ ဟင်းသီးဟင်းရွက်ကုန်စိမ်းများ လက်လီ/ လက္ကားရောင်းချသည့်စျေးများ ဖြစ်ပါတယ်။၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက် ကုန်စိမ်းများပိုမိုဝင်ရောက်လျှက်ရှိပြီး၊ သီရိမာလာစျေးမှာ မန္တလေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ် ထွက်ကုန်စိမ်းများပိုမိုဝင်ရောက်ကြောင်း သိရပါတယ်။သီရိမာလာစျေးအတွင်း ပန်းမျိုးစုံ၊ငါး၊ပုဇွန်နှင့် ရေထွက်ပစ္စည်းများနှင့် ကုန်စိမ်းဟင်းရွက်ဟင်းသီးများဖြစ်သည့် ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ/ဖြူ၊ဂျင်း၊ နနွင်းတက်၊မုန့်ညင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ဘိုစားပဲသီး၊ ကိုက်လံရွက်၊ ဆလပ်ရွက်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်တို့အနက် ဟင်းနုနွယ် ရွက်လည်း ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။ ကုန်စိမ်းဖြစ်သည့် ဟင်းနုနွယ်ရွက်အား ကြော်စား၊ ချက်စား၊ သုတ်စားသုံးခြင်းဖြင့် အမျိုးမျိုးစားသုံးလျက်ရှိပြီး၊ အဟာရအနေဖြင့် အန်တီ အောက်ဆီးဒင့်ဓာတ်၊ကယ်လဆီယမ်၊ဗီတာမင်နှင့်အိုင်းရွန်းဓာတ်တို့ပါဝင် တာကြောင့် နေ့စဉ်စားသုံး သင့်‌သောဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလပထမပတ်အတွင်း ကုန်စိမ်း ဟင်းနုနွယ် ရွက်ပေါက်စျေးအနေဖြင့် လက္ကားစျေးတစ်ပိဿာလျှင်  ၁၅၀၀ ကျပ်နှင့် ၁၇၀၀၀ ကျပ်၊ လက်လီစျေး တစ်ပိဿာလျှင် ၁၈၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလပထမပတ်အတွင်း ဟင်းနုနွယ်ရွက်အပါအဝင် ကုန်စိမ်းသီးနှံ ဝင်ရောက်မှုများပြားသည့်အတွက် ကုန်စိမ်းစျေးနှုန်းအနည်းငယ်ကျဆင်း လျက်ရှိပြီး၊ အရောင်းသွက် လျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူတစ်ဦး၏ပြောပြချက်အရသိရပါတယ်။ သီရိမာလာ စျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၄၀)စီး နှင့် (၆၀)စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)