![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5_124.jpg?itok=vuW239RP)
ဖေဖော်ဝါရီလပထမပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ ပဲစိမ်းမျိုးစုံစျေးကွက်တွင် ထောပတ်ပဲစိမ်း၊ ပဲကြီး(ပဲစိမ်း)၊ စားတော်ပဲစိမ်း၊ ပဲလိပ်ပြာ၊ ပဲစင်းငုံ၊ ပဲစာဥ၊ နွေပဲသီးတို့နှင့်အတူ ရွှေပဲသီးများ ဝင်ရောက်မှုများပြား လျက်ရှိပါတယ်။ မန္တလေးဒေသတွင်းမြို့နယ်များမှ ထွက်သည့် ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှု များပြီး၊ ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက်လျှက်ရှိပြီး၊ သီရိမာလာ စျေးမှာ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက်ကြောင်း သိရပါ တယ်။ သီရိမာလာစျေးအတွင်း ပန်းမျိုးစုံ၊ ငါး၊ပုဇွန်နှင့်ရေထွက်ပစ္စည်းများနှင့် ကုန်စိမ်းဟင်းရွက် ဟင်းသီးများဖြစ်သည့် ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ/ ဖြူ၊ဂျင်း၊ နနွင်းတက်၊ မုန့်ညင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ထောပတ်ပဲစိမ်း၊ ပဲကြီးအစို၊ ပဲလိပ်ပြာ၊ နွေပဲသီး၊ စားတော်ပဲစိမ်း၊ ပဲစာဥ၊ ဟင်းနုနွယ်ရွက်၊ ကိုက်လံရွက်၊ ဆလပ်ရွက်၊ ကန်စွန်းရွက်တို့အနက် ရွှေပဲသီးလည်း ဝင်ရောက်မှုများကြောင်း သိရ ပါတယ်။၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလပထမပတ်အတွင်း ကုန်စိမ်းသီးနှံပဲမျိုးစုံ(ပဲစိမ်း) ဝင်ရောက်လျက် ရှိပြီး၊ပေါက်စျေးအနေဖြင့် ရွှေပဲသီးတောင့်တစ်ပိဿာလျှင် လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊ ရွှေပဲသီး(အခွံချွတ်)တစ်ပြည်လျှင် လက္ကားစျေး ၁၂၀၀၀ကျပ်နှင့် ၁၃၀၀၀ ကျပ်၊ လက်လီစျေး ၁၄၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်၊ ရွှေပဲသီးအရွက်(၁၀ စည်းပါ)တစ်စည်းလျှင် လက္ကားစျေး ၇၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကုန်စိမ်းစျေးကွက်အတွင်း ပဲစိမ်းမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ရွှေပဲသီးမှာ အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းစျေးကွက် အတွင်းမှ သိရပါတယ်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလပထမပတ်အတွင်း ပဲစိမ်းမျိုးစုံအပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)