မန်းမြို့တွင်းဗမာခရမ်းချဉ်သီးများလှိုင်လှိုင်ဝင်ရောက်

Powered by Drupal

မန္တလေးမြို့တွင်းသို့ ဗမာခရမ်းချဉ်သီးခေါ် ကိုင်းသီးများ ယခုရက်ပိုင်းအတွင်း လှိုင်လှိုင်ဝင် ရောက်လျှက်ရှိပါသည်။ မန္တလေးမြို့နှင့်အနီးတဝိုက်ရှိ ကျောက်ဆည်၊ တံတားဦး၊ ပုသိမ်ကြီး၊ မတ္တရာနယ်များမှ ဗမာသီးများဝင်ရောက်လျှက်ရှိပါသည်။ ခရမ်းချဉ်သီး ၈ပိသာဝင်တောင်း ၁တောင်းလျှင် လက္ကားသမားများမှ ၁၀၅၀၀ကျပ်မှ၁၁၀၀၀ကျပ်များနှင့် ဝယ်ယူလျှက်ရှိပြီး တရက် လျှင် လက္ကားသမားထံ ခရမ်းချဉ်သီးတောင်း  ၅၀မှ၇၀ထိဝင်ရောက်လျှက်ရှိပြီး လက္ကားသမား များမှလက်လီရောင်းသည့် ဈေးသည်များသို့ ၁ပိသာလျှင် ၁၄၀၀ကျပ်၊၁၅၀၀ကျပ်တို့နှင့် ရောင်းဝယ်မှုရှိပြီး စားသုံးသူများအနေနှင့် ၁ပိသာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ဈေးများနှင့် ဝယ်ယူရရှိပါသည်။ ဗမာခရမ်းချဉ်သီးအနေနှင့် ရာသီကုန်ခါနီးဖြစ်၍ လှိုင်လှိုင်ပေါ်သည့်အတွက် ဈေးနှုန်းအနေနှင့်စားသုံးသူများအတွက် သင့်တင့်သည့် ဈေးနှန်းနှင့်ဝယ်ယူရရှိခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)