![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8_94.jpg?itok=jQP4OUmg)
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီး သီးနှံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး လျှက်ရှိရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ခရမ်းသီး သီးနှံကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ခရမ်းသီး စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း၊နှစ်လခွဲ၊ သုံးလအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး တစ်ပတ်ခြား တစ်ကြိမ်ခူးဆွတ်ရကြောင်း၊အစော တစ်ကြိမ်ခူးဆွတ်လျှင် အထွက်နှုန်းအနေဖြင့် ပိဿာ(၂၀၀-၂၅၀)ထွက်ရှိကြောင်း ၊ ခရမ်းသီးပင် သက်တမ်းတွင် ခူးဆွတ်ပတ်(၁၂)ပတ်အထိခူးဆွတ်ရကြောင်း၊ အစောထွတ် အပတ်များမှ ကျန်အပတ် များတွင် ခရမ်းသီးအထွက်နှုန်း အနည်းငယ်လျော့ကျသဖြင့် အထွက်စုစုပေါင်း ခန့်မှန်းမှာ(၂၀၀၀- ၂၂၀၀)ပိသာအထိ ထွက်ရှိကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် (၈၀၀၀၀၀-၈၅၀၀၀၀)ကျပ်ခန့် ကုန်ကြကြောင်း ၊ ယခုအချိန်တွင် ပွဲစားစျေး ခရမ်းသီးတစ်ပိဿာလျှင်(၁၂၀၀-၁၄၀၀)ကျပ်၊ လက်လီ စျေးအနေဖြင့်(၁၈၀၀-၂၀၀၀)ကျပ်စျေးနှုန်းဖြင့် ရောင်းချရကြောင်း၊ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ်စျေးနှုန်မတူညီကြောင်း၊ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူ သည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း ၊ ပွဲစားများမှ မန္တလေး၊ နေပြည်တော် နှင့် ရန်ကုန် စျေးကွက်များသို့တင်ပို့ရောင်းချကြောင်း၊(၁)ဧက အကျိုးအမြတ်အနေဖြင့်(၁၆၀၀၀၀၀/-)ကျပ်ခန့်ရရှိ ကြောင်း၊ခရမ်းသီးစျေးနှုန်းအနည်းငယ်ကျဆင်းသော်လည်း အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ခရမ်းသီး စိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)