“ဆောင်းမြေပဲများစတင်ထွက်ရှိ”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး သီးနှံ မျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပါသည်။ စားဖိုဆောင်သီးနှံများဖြစ်သော ငရုတ်၊ ကြက်သွန်၊ နနွင်းများ စိုက်ပျိုးသည့်အပြင် ပဲမျိုးစုံသီးနှံကိုလည်း စိုက်ပျိုးလျှက်ရှိပါသည်။ ပဲမျိုးစုံသီးနှံများအနက် ဆီထွက် သီးနှံတစ်မျိုးဖြစ်သည့် မြေပဲသီးနှံကိုလည်းတောင်သူများ တိုးချဲ့စိုက်ပျိုးလာကြပါသည်။ဆောင်းမြေပဲ စိုက်ဧကအနေဖြင့် ခရိုင်အတွင်း(၁၁၅၇)ဧက စိုက်ပျိုးထားရှိပြီး စဉ့်ကိုင်မြို့နယ်တွင်(၅၆)ဧကစိုက်ပျိုး ထားရှိပြီး ယခုဖေဖော်ဝါရီလပထမအပတ်တွင်(၃၅)ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ဆောင်းမြေပဲစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၅၃၀၀၀၀/-)ကျပ်ခန့်ကုန်ကျခဲ့ကြောင်း၊အထွက်နှုန်း အနေဖြင့်(၄၆)တင်းခန့်ထွက်ရှိကြောင်း၊ယခင်နှစ် အကျိုးအမြတ်အနေဖြင့် မြေပဲတောင့်တစ်တင်း လျှင်(၂၂၅၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့သောကြောင့်(၅၀၀၀၀၀/-)ကျပ်ကျော်မြတ်ကြောင်း ၊ ယခုနှစ် မြေပဲစျေးနှုန်းအနေဖြင့်မြေပဲတောင့်တစ်တင်းလျှင်(၃၅၀၀၀/-ကျပ်၊မြေပဲဆံတစ်ပိဿာလျှင်(၈၃၀၀/-) ကျပ်၊မြေပဲဆီတစ်ပိဿာလျှင်(၁၈၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိပြီး မြေပဲရောင်းဝယ်မှုအနေဖြင့် ပွဲရုံများသို့တိုက်ရိုက်ရောင်းချသူများရှိသလို စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူသူများလည်းရှိ ကြောင်း၊ဒေသတွင်းဆီစက်များမှဝယ်ယူသိုလှောင်မှုရှိပြီး ပွဲရုံများမှတဆင့် ရန်ကုန်၊မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၁၀၀၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း ၊ စျေးနှုန်းများကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်း လျက်ရှိကြောင်း၊ မိသားစုအတွက်စားသုံးဆီဖူလုံစေသိအပြင် အကျိုးအမြတ်ဖြစ်ထွန်းသော မြေပဲသီးနှံ များကိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)