“အညာမြေထနောင်းရွက်အနုများထွက်ရှိ”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် အညာမြေဒေသဖြစ်သည်နှင့်အညီ အညာဒေသ ထွက်နွေဦးရာသီတွင် ထွက်ပေါ်လေ့ရှိသော ညောင်ရွက်၊ဂွေးတောက်ရွက်၊သရက်ကင်းနှင့်ထနောင်း ရွက်နုများထွက်ပေါ်သောအချိန်ဖြစ်ပါသည်။ ရာသီစာဖြစ်သည့်အတွက် ပေါ်ဦးပေါ်စ ထနောင်းရွက် နုနုကလေးများကိုပြုတ်၍ ရောင်းချလျှက်ရှိပါသည်။ အညာဒေသဖြစ်သည့်အတွက် ထနောင်းရွက် တစ်ပုံလျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချပါသည် ။ ထနောင်းရွက် တစ်ပုံလျှင်(၅၀၀)ကျပ်ဖိုးရရန်အတွက် ခူးရသည်မှာမလွယ်ကူလှပေ။ ထနောင်းပင်သည် ဆူးပါသည့်အတွက် လက်များထိခိုက်နိုင်ပါသည်။ ထနောင်းရွက်နုနုကလေးများကိုခူး၍ ရေနွေးဖျောရပြီး ရေနွေးဖျောပြီးသော အရွက်နုကလေး များကို အနေတော်အပုံလေးများပုံ၍ ရွာထဲ ၊ ရပ်ထဲ နှင့် စျေးများတွင် တစ်ပုံလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချ လျှက်ရှိပါသည်။အရွက်ခူးရန်မလွယ်ကူသောကြောင့် အရွက်ခူး၍ရောင်းချသူ အလွန်နည်းပါးပါသည်။ ပေါ်ဦးပေါ်စ ထနောင်းရွက်များကို အသုပ်သုပ်၍စားသုံးကြသလို အတို့အမြုပ်အဖြစ်လည်းစားသုံးကြ ပါသည်။ ထနောင်းရွက်စားသုံးခြင်းဖြင့် လူကိုအကျိုးပြုစေပါသည် ။ ထနောင်းရွက်သည် တစ်သျူး ရောင်ရမ်းခြင်းကိုသက်သာစေ၍ သွေးတွင်းသကြားဓါတ်များ လျော့နည်းစေပြီး အစာအိမ် အူလမ်းကြောင်းကိုရှင်းပေးပါသည် ။ ထနောင်းခေါက်ကိုပြုတ်၍ ရလာသောပြုတ်ရည်ကို တစ်နေ့ ()ကြိမ်ငုံပေးပါက သွားဖုံးအတွင်း သွေးယိုစီးခြင်းကိုကာကွယ်ပေးကြောင်း လေ့လာသိရှိရပါသည်။ အစာလည်းဆေး၊ဆေးလည်းအစားဆိုသည့်အတိုင်းဆေးဘက်ဝင် ထနောင်းရွက်ကို ရာသီပေါ်ချိန်တွင် ဝယ်ယူ၍သုပ်စားသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)