မော်လမြိုင်ဘိလပ်မြေနှင့် ဓါတ်မြေဩဇာဈေးကွက်

Powered by Drupal

        မော်လမြိုင်မြို့၌ ယခုလ မေစတုတ္ထအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေသည့် ဈေးမှာ  ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၁၀၃၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ်၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်အေးနေကြောင်း သိရှိရသည်။

      အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၁၉၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါ တစ်အိတ်လျှင် ကျပ်၁၂၀၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါ တစ်အိတ်လျှင် ကျပ်၆၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါ တစ်အိတ်လျှင် ကျပ် ၉၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)