![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19_41.jpg?itok=9AliE9H_)
မြင်းခြံမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိကာ အချက်အချာကျသောမြို့တစ်မြို့ ဖြစ်ပြီး အရောင်းအဝယ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းဖြင့်ဖွံဖြိုးတိုးတက်သောမြို့တစ်မြို့ဖြစ်ပါသည်။ ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ငရုတ်စိုက်ပျိုးမှုမှာလည်း စိုက်ဧက(၁၄၇၄) ဧကရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရသိရှိရသည်။ ငရုတ်သီးမှာ မြန်မာ့ဟင်းလျာ များချက်ပြုတ် စားသောက်ရာတွင် ထမင်းမြိန်စေရန်နှင့် အရောင်းအဆင်းရရှိရန်အတွက် မပါမဖြစ် စားကုန်တစ်မျိုးဖြစ်၍ စားသုံးမှုများပါသည်။ မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာ ဈေးတို့တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်တွင် ဖြစ်ပေါ်နေသော ငရုတ်သီးခြောက် ဈေးနှုန်းများမှာ ငရုတ်သီးခြောက် ( အရှည်) တစ်ပိဿာလျှင် ( ၁၅၀၀၀) ကျပ်၊ ကျွန်းပု (ခေါ်) ငရုတ်ပွသေး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် ငရုတ်ပွသေး (အလတ်စား)တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငရုတ်သီးကြမ်းမှုန့်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ငရုတ်သီးခြောက်များမှာ ဒေသတွင်း ထွက်ရှိမှုများနှင့် ကျောက်ဆည်မြို့၊ မန္တလေးမြို့တို့မှလည်း ဝယ်ယူရောင်းချမှုရှိကြောင်းသိရသည်။
DOCA(မန္တလေး)