မော်လမြိုင်ဘိလပ်မြေနှင့် ဓါတ်မြေဩဇာဈေးကွက်

Powered by Drupal

            မော်လမြိုင်မြို့ ဘိလပ်မြေဈေးကွက်၌ တည်ဆောက်ရေးလုပ်ငန်းများကြောင့်  အရောင်းအဝယ်ကောင်းနေကြောင်း အိမ်ဆောက်ပစ္စည်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုတစ်ပတ် ဆင်(ထိုင်း) ဘိလပ်မြေက ကျပ် (၁၀၀၀)ဈေးတက်လာကြောင်း သိရှိရသည်။  ဈေးကွက်ထဲအရောင်းအဝယ်  ဖြစ်နေတဲ့ဈေးမှာ  ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၉၈၀၀၊ ဆင်(ထိုင်း) ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၉၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာ ထုတ်လုပ်ရာတွင်ကုန်ကြမ်းများ ဈေးနှုန်းတက်လာသောကြောင့် ဓါတ်မြေဩဇာမှာ ဈေးနှုန်းတက်လာပြီး၊  အရောင်းအဝယ်အေးနေကြောင်း သိရှိရသည်။

             အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၀၅၉၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၀၈၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၀၂၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါ တစ်အိတ် မှာ ကျပ်၆၂၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါ တစ်အိတ်မှာ ကျပ်၉၆၀၀၀၊ ရှိခဲ့ပြီး ယခုပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၁၇၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၁၃၂၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၁၀၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါ တစ်အိတ်မှာ ကျပ်၆၅၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါ တစ်အိတ်မှာ ကျပ်၉၈၀၀၀၊ ဖြင့် ဈေးနှုန်းပေါက်နေပီး ဝယ်ယူမှုနည်းပါးနေကြောင်း ဈေးကွက်အတွင်း ဓါတ်မြေဩဇာဆိုင်များမှ သိရှိရသည်။

DOCA(မွန်)