![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/112_35.jpg?itok=msEXmK2h)
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ပန်းတောပြင်ကျေးရွာ တွင် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ပြောင်းသီးနှံများကို စိုက်ဧက ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ပြောင်းသီးနှံကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလလယ်တွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၃ လအကြာ တွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ထိုင်ဝမ်ပြောင်းစီးမျိုးကို အဓိကစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးထုပ် ၃ ထုပ် ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် မြေအောက်ရေ အသုံးပြုကာ စိုက်ပျိုးကြပြီး စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ရေသွင်းခ၊ မြေပြုပြင်ခ နှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၄၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် ၄၀၀၀ ခန့်ထွက်ရှိရာ စိုက်ပျိုးမြေ အနေအထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ သီးနှံအထွက်နှုန်းများ ကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပြောင်းဖူးတစ်ဖူးလျှင် အကြီး၊ အသေးအလိုက် လက်ကားဈေး ငွေကျပ် ၂၅၀-၃၀၀ နှုန်းဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၅၅၀၀၀၀ - ၇၅၀၀၀၀ သိန်းခန့်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးနှင့် သရက်-မင်းလှ ကားလမ်းဘေးရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)