ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်သည့် ပဲစဉ်းငုံ(ဖြူ)ဈေး

Powered by Drupal

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဖေဖော်ဝါရီလ၊ ပထမအပတ်တွင်  အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဇန်နဝါရီလ၊ စတုတ္ထအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(ဖြူ)များ စတင်ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ၊ ပထမအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲစဉ်းငုံ(ဖြူ) တစ်တင်းလျှင် (၈၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀၀) တင်း/(၅၈၈)တန် ဖြစ်ကြောင်း၊ ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(ဖြူ)တစ်တင်းလျှင် (၈၃၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲစဉ်းငုံ(ဖြူ)တစ်တင်းလျှင် (၃၅၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ဈေးလျော့နည်းသော်လည်း ဝင်ရောက်မှုများပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)