ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ရာသီစာ လက်ပံခေါင်း

Powered by Drupal

      လက်ပံပင်သည် မြန်မာနို်ငငံတွင် လူသိများသော အပင်တစ်မျိုးဖြစ်ပြီး၊ လက်ပံပွင့်သည် နွေရာသီ၏ သင်္ကေတတစ်ခုဖြစ်ရာ  လက်ပံပွင့်များတစ်ပင်လုံးပွင့်လန်းကာ ကျေးငှက်သံများနှင့် မြင်တွေ့ရသူ၏ စိတ်နှလုံးကို သာယာကြည်နူးဖွယ်ဖြစ်စေပါသည်။ ကန့်ဘလူခရိုင်၌လည်း လက်ပံ ပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင်တွေ့ရသည်။ လက်ပံပင်များကို နေအိမ် ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင် ‌ပေါက်ရောက်သဖြင့် လက်ပံပွင့်များ ကိုကောက်ယူကာ ပွင့်ဖတ်လေးများကိုခြွေပစ်ပြီး လက်ပံခေါင်းများကို နေလှန်းကာ ကန့်ဘလူမြို့မ ဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။

လက်ပံခေါင်းများကို လက်ပံခေါင်းအချဉ်ရည်အဖြစ်ချက်စားကြသလို၊ ပုန်းရည်ကြီးဖြင့်လည်း ကောင်း၊ ဝက်သားဖြင့်ရော၍လည်းကောင်း  စသည်ဖြင့်အမျိုးမျိုးစားသုံးကြကြောင်း၊  ယခုအခါ ကန့်ဘလူမြို့၊ မြို့မဈေးတွင် လက်ပံခေါင်း(၁)ပုံလျှင်(၃၀၀)ကျပ်၊ လက်ပံခေါင်း(၂)ပုံလျှင်(၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

                                                DOCA(စစ်ကိုင်း)