![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5_130.jpg?itok=i9m4aW_d)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ကျောက်ဖရုံသီးပင်များကို မိသားစုအတွက် စားသုံးရန်နှင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရသည်။ ကျောက်ဖရုံသီးပင်များကို စင်ခံပြီး စိုက်ပျိုးနိုင်သကဲ့သို့ မြေလျှောက်၍လည်း စိုက်ပျိုးနိုင်ကြောင်း၊ ကျောက်ဖရုံပင်သည် တစ်နှစ်ခံ နွယ်ပင်မျိုးဖြစ်ရာ ၎င်း၏ အသီးမှာ တိုင်လုံးပုံ အစိမ်းရောင်နှင့် အဖြူရောင် ရောနေ တတ်သည်။
အစာလည်းဆေး၊ ဆေးလည်းအစာဆိုသကဲ့သို့ ကျောက်ဖရုံသီးသည် ဆေးဖက်ဝင် အသီးတစ်မျိုး ဖြစ်ပြီး ဟင်းချိုအဖြစ်လည်းကောင်း၊ သကြားနှင့် ကျောက်ဖရုံယိုအဖြစ် ယိုထိုး၍လည်း ကောင်း စားသုံးကြသည်။ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ကျောက်ဖရုံသီး အကြီး(၁)လုံး လျှင် (၆၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၄၀၀၀)ကျပ်၊ ကျောက်ဖရုံသီး(၁)စိတ်လျှင်(၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။
DOCA(စစ်ကိုင်း)