![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/9_85.jpg?itok=5qdXTYdq)
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ် သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံကို ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာ များတွင် စိုက်ပျိုးကြပြီး ယခုအခါ ဈေးကွက်အတွင်း ကုလားပဲအသစ်များ စတင်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးလျက်ရှိသည့် ကုလားပဲသီးနှံမျိုးမှာ ထိုင်ဝမ်မျိုး၊ (929)မျိုးနှင့် (V2)မျိုးဟူ၍ (၃)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကုလားပဲအသစ် ထိုင်ဝမ်တစ်တင်းလျှင် (၆၈၀၀၀)ကျပ် ၊ ကုလားပဲ(929)တစ်တင်းလျှင်(၇၂၀၀၀) ကျပ်နှင့် ကုလားပဲ (V2)တစ်တင်းလျှင်(၇၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကန့်ဘလူခရိုင်မှထွက်ရှိ သည့်ကုလားပဲများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)