ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်းများ အဝင်နည်းသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်

Powered by Drupal

          မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ တစ်ခု ဖြစ်သည့် အစေ့ထုတ်ပြောင်းများလည်း စိုက်ပျိုးကြကြောင်းသိရသည်။

ကန့်ဘလူခရိုင်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888မျိုး တို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုအခါ အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်း ဝင်ရောက် မှုနည်းသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယ ပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၂၂၀၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၀၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)