![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/122_7.png?itok=gYoumRkN)
စားသုံးသူရေးရာဦးစီးဌာန၊ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း(၂)ဦး၊ မြို့မဈေး နှင့် ရပ်ကွက် လက်လီဆန်ဆိုင်များသို့ သွားရောက်၍ စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းပါဝင်လျက် ၃-၂-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်မှစ၍ မြို့မဈေးနှင့် (၇)ရပ်ကွက်သို့သွား ရောက်၍ ကွင်းဆင်းစစ် ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အောင်ကမ္ဘာဆန်ဆိုင် မြို့မဈေး၊ စွမ်းဆန်ဆိုင် မြို့မဈေး၊ ဒေါ်ရွှေဆန်ဆိုင် (၇)ရပ်ကွက် တို့တွင် ဆန်ရောင်းချနေမှု ဆန်လက်ကျန်နှင့် ဆန်ဈေးနှုန်းများအား မေးမြန်းခဲ့ပြီး ယခုရက်ပိုင်းအတွင်း ဆန်အသစ်ထွက်ပေါ်နေ၍ ဆန်အနည်းငယ် ဈေးကျ လျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး၊ ဆန်ဆိုင်များမှ ဆန်အမျိုးအစား၊ ဝယ်ယူသည့်အိတ်၊ ရောင်းချသည့်အိတ်၊ လက်ကျန်အိတ်၊ ဆန်များဝယ်ယူရရှိသည့်ရက်စွဲ၊ ဝယ်ယူသည့်နေရာ၊ သိုလှောင်သည့် နေရာ၊ ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများရှိ/မရှိ၊ အလေး ချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ စစ်ဆေးခြင်းများ၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားရှိရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)