
“ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြခန်းခင်းကျင်းပြသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး” ကို ၇.၂.၂၀၂၅ ရက်နေ့ နေ့လည် ၃ နာရီက နေပြည်တော်၊ တပေါင်းကွင်းရှိ မွန်ပြည်နယ်တိုင်းရင်းသားရိုးရာအစားအစာဆိုင်ခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် ယခုပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြခန်းတွင် မိမိတို့၏ ထုတ်ကုန်များကို အခြားတိုင်းနှင့်ပြည်နယ်များ ထုတ်ကုန်များနှင့်နှိုင်းယှဉ်ကြည့်ရှုရန် လိုအပ်ကြောင်း၊ အားနည်းချက်များရှိပါက ဖြည့်ဆည်းရန်လိုကြောင်း၊ အခြားတိုင်းနှင့် ပြည်နယ် များနှင့်ဈေးကွက်ချိတ်ဆက်ရန်လိုအပ်ကြောင်း၊ ပြည်ပသို့တင်ပို့နေသော ရော်ဘာ၊ ဝဥနှင့် ပြည်ပတင်ပို့ရန်ကြိုးစားနေသော ဆားနှင့် ကွမ်းသီးများကို နိုင်ငံတကာနှင့်ချိတ်ဆက်နိုင်ရန် Business Matching ကိုလည်းပြုလုပ်ပေးလျက်ရှိကြောင်း၊ မတည်ရင်းနှီးငွေလိုအပ်ချက်များကို ဘဏ်များနှင့် ချိတ်ဆက်ဆွေးနွေးနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ထားရှိကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)