ပေါ်ဦးပေါ်ဖျား မရမ်းသီးနှင့် သရက်ကင်းဈေးနှုန်းများ

Powered by Drupal

ရွှေဘိုမြို့ရှိ ဈေးများတွင် ပေါ်ဉီးပေါ်ဖျားဖြစ်သည့် ရာသီပေါ် မရမ်းသီးနှင့် သရက်ကင်းများကို ရောင်းချ လျက်ရှိပါသည်။ မရမ်းသီးကို မန္တလေးမြို့မှ သယ်ယူရောင်းချချကြောင်း၊ မြန်မာပြည်တွင် နေရာအနှံ့အပြားပေါက်သည့် သရက်ပင်များကို အရိပ်ရရန်နှင့် အသီးစားရန်အတွက် မိမိတို့၏ နေ အိမ်တွင်သော်လည်းကောင်း၊ ခြံများတွင်သော်လည်းကောင်း တနိုင်တပိုင်စိုက်ပျိုးကြကြောင်း၊ သ ရက်ကင်းကို ရာသီချိန်မှသာ စားသုံးရသောကြောင့် ပေါ်ဉီးပေါ်ဖျား စားသုံးရန်အတွက်  ခူး၍ ရောင်း ချချကြောင်း၊ ယခုအချိန်တွင် ပေါ်ဉီးပေါ်ဖျားဖြစ်သည့် မရမ်းသီးနှင့် သရက်ကင်းများကို ဈေးကောင်း ပေးဝယ်ရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော မရမ်းသီး ဈေးနှုန်းမှာ (၅)ကျပ်သားလျှင် (၃၀ဝဝိ/-)ကျပ်၊ သရက်ကင်း (၅)ကျပ်သားလျှင် (၁၀၀ဝိ/-)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)