ဘိုကလေးမြို့ (၈)ရပ်ကွက် (အ.လ.က) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘိုကလေးမြို့ (၈)ရပ်ကွက်ရှိ (အ.လ.က) ကျောင်းတွင် ဆရာ/ ဆရာမနှင့်ကျောင်းသူ/ ကျောင်းသား (၁၉၄)ဦးအား၊ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့တွင်   စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)၊ ပုဒ်မ (၄၁)မှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသာတင်အလေးချိန်၊ ထုတ်လုပ် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များကို ကြည့်၍ ဝယ်ယူစားသောက် သင့်ကြောင်း၊  စားသုံးရန် မသင့်သော အစားအစာများအကြောင်း၊ online ကုန်စည်များ ရောင်းခြင်း/ ဝယ်ခြင်းနှင့် ပတ်သက်၍ စားသုံးသူများနစ်နာမှုရှိပါက တိုင်ကြားနိုင်ခွင့် အခွင့်အရေးများရှိကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းအမျိုးမျိုးအား ပြောကြားခြင်းနှင့် (၁၅၃၅) သို့ ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)