ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဆရာ/ဆရာမနှင့် ကျောင်းသူ/သား စုစုပေါင်း (၃၇၇) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအားပြောကြားခြင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်၏ အဓိပ္ပာယ်ကို ရှင်းလင်းပြောကြားခြင်း၊ online မှ ဝယ်ယူသုံးစွဲရာတွင် online မှတ်ပုံတင်ထားခြင်း ရှိသည့် အချက်အလက်ကိုကြည့်၍ ဝယ်ယူကြရန်ပြောကြားခြင်းနှင့် online နှင့် ပတ်သက်သည့် သိကောင်းစရာများကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများကြည့်၍ ဝယ်ယူစားသောက်ကြရန်၊ စားသုံးသူများနစ်နာမူရှိပါက (1535)သို့ ခေါ်ဆို၍ တို်ငကြားနိုင်ကြောင်းနှင့် တိုင်ကြားမူပုံစံများအား ရှင်းလင်းဟောပြောခဲ့သည်ဟု သိရှိရပါသည်။
DOCA(ဧရာဝတီ)