![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/149_0.png?itok=ggGyaSGt)
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၄.၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင်ဖွင့်လှစ်သော စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာအကြောင်းများအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် မြို့နယ်တာဝန်ခံဦးအောင်သန်းဌေးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော် မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ ဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒပါ စားသုံသူအခွင့်အရေးများအကြောင်း၊ စားသုံးသူ၏တာဝန်များအကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ ထိုအွန်လိုင်းရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြား မှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ် ထားရှိမှုအခြေအနေကိုလည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင်ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကိုလည်းကောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)