စျေးကွက်အတွင်းသို့ အဝင်များသည့်ပြောင်း

Powered by Drupal

          မန္တလေးစျေးကွက်သို့  ဖေဖော်ဝါရီလဒုတိယပတ်အတွင်း အစေ့ထုတ်ပြောင်းသီးနှံများ အများ အပြားဝင်ရောက်လျက်ရှိပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းစိုက်ပျိုးထွက်ရှိသည့်ဖူးစားပြောင်း (ထိုင်ဝမ်)မျိုးနှင့် ရှမ်းပြောင်းမျိုးတို့အပြင်   စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှလည်း ဝင် ရောက်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ထုတ် ပြောင်း စိုက်ပျိုးမှု  ၃၆၆၂၂ ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း ၄၉.၅၅ တင်း၊ အထွက်တင်း စုစုပေါင်း ၆၆၀၅၉၁တင်းဖြစ်ကြောင်း သိရပါတယ်။မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ဖူးစားပြောင်း စျေးကွက်တွင် ထိုင်ဝမ်မျိုးပြောင်း ၁၀ ဖူးလျှင် လက္ကားစျေး  ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ရှမ်းပြောင်း  ၁၀ ဖူးလျင် ၆၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်စေျး၊လက်လီစျေးမှာ ထိုင်ဝမ်ပြောင်း ၁၀ဖူးလျှင် ၆၀၀၀ကျပ် နှင့်၇၀၀၀ ကျပ်၊ရှမ်းပြောင်း ၁၀ ဖူးလျှင် ၇၀၀၀ ကျပ်နှင့် ၈၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိ ပြီး၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဒုတိယပတ်တွင် ဖူးစားပြောင်း သီးနှံမှာ  အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ဒေသအသီးသီးမှ ထွက်ရှိသည့်ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ ဝင်ရောက်လျက်ရှိသည့်မန္တလေး ပွဲစား၊ ကုန်သည် စက်ပိုင်များမဟာကထိန် တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်း ဖြစ်ပေါ်သည့်ပြောင်းစျေးမှာ  ၃တင်းဝင်တစ်အိတ်လျင် ပြောင်းဖူးစေ့(ဗမာ) ၈၂၀၀၀ ကျပ်နှင့် ၈၃၀၀၀ ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)  ၈၅၀၀၀ ကျပ်၊ပြောင်းဖူးစေ့(စီပီ) ၈၄၀၀၀ကျပ်၊အထွက်တိုးပြောင်း အနီ ၇၆၀၀၀ ကျပ်နှင့် ၇၇၀၀၀ကျပ်စျေးအသီးသီးဖြစ် ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ဇန်နဝါရီလ နောက်ဆုံးပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက ပြောင်းဝင်ရောက်မှုများပြားသည့်အတွက် စေျးအနည်း ငယ်ကျဆင်းသွားကြောင်း သိရပါတယ်။ ပြောင်းသီးနှံမှာ  မွေးမြူရေး အစားစပ်လုပ်ငန်းတွင် သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ကြောင့် မန္တလေးစျေးကွက်တွင် အရောင်းသွက်သည့် ကုန်စည်ဖြစ် ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ပြောင်းကား( ၂၂ဘီး/ ၁၂ဘီး/ ၆ဘီး) ဝင်ရောက်မှုမှာ   ၁၆၁၇ စီး၊ ပြောင်း  ၃၃၇၃၉ တန်ဖြစ်ကြောင်း (၁၆)မိုင်၊ထုံးဘိုဂိတ်ဖြတ်စာရင်းများအရ  သိရပါတယ်။

DOCA(မန္တလေး)