![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5_135.jpg?itok=Y3Luagan)
ဖေဖော်ဝါရီလဒုတိယပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ ပဲစိမ်းမျိုးစုံစျေးကွက်တွင် ထောပတ်ပဲစိမ်း၊ ပဲကြီး(ပဲစိမ်း)၊ စားတော်ပဲစိမ်း၊ ပဲစာဥ၊ ပဲစင်းငုံ၊ ရွှေပဲသီး၊ နွေပဲသီးတို့နှင့်အတူ ပဲလိပ်ပြာ(ခေါ်)ပဲစိတ်တိုပဲစိမ်းများ ဝင်ရောက်မှုများပြား လျက်ရှိပါတယ်။ မန္တလေးဒေသတွင်း မြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက် ကုန်စိမ်း များ ဝင်ရောက်မှု များပြီး၊ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ၄၁လမ်းစျေးမှာ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက် လျှက်ရှိပြီး၊ သီရိမာလာစျေးမှာ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင် ရောက်ကြောင်း သိရပါတယ်။ သီရိမာလာစျေးအတွင်း ပန်းမျိုးစုံ၊ ငါး၊ပုဇွန်နှင့် ရေထွက်ပစ္စည်းများနှင့် ကုန်စိမ်းဟင်းရွက်ဟင်းသီး များဖြစ်သည့် ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ/ ဖြူ၊ဂျင်း၊ နနွင်းတက်၊ မုန့်ညင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ထောပတ်ပဲစိမ်း၊ ပဲကြီးအစို၊ ပဲစာဥ၊နွေပဲသီး၊ စားတော်ပဲစိမ်း၊ ဟင်းနုနွယ်ရွက်၊ ကိုက်လံရွက်၊ ဆလပ်ရွက်၊ ကန်စွန်းရွက်တို့အနက် ပဲလိပ်ပြာလည်း ဝင်ရောက်မှုများကြောင်း သိရ ပါတယ်။၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဒုတယပတ်အတွင်း ကုန်စိမ်းသီးနှံပဲမျိုးစုံ(ပဲစိမ်း) ဝင်ရောက်လျက် ရှိပြီး၊ပေါက်စျေးအနေဖြင့် ပဲလိပ်ပြာ(ပဲစိမ်းတောင့်)လက္ကားစျေး ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်၊လက်လီ စျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ပဲလိပ်ပြာ(ပဲစိမ်း)တစ်ပြည်လျှင် လက္ကားစျေး ၇၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊လက်လီစျေး ၈၅၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်ဖြင့် အသီးသီး ရောင်းချ လျက်ရှိ ကြောင်းသိရပါတယ်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ကုန်စိမ်းစျေးကွက်အတွင်း ပဲစိမ်းမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲလိပ်ပြာ(ပဲစိမ်း)မှာ အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်း စျေးကွက်အတွင်းမှ သိရပါတယ်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်း ပဲစိမ်းမျိုးစုံအပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက် Canter (၁၂ ဘီးနှင့် ၆ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား ဝင်ရောက် လျက် ရှိကြောင်း သိရပါ တယ်။
DOCA(မန္တလေး)