တပို့တွဲလပြည့်နေ့နီးလာ၍ ကောက်ညှင်းဆန်နှင့် သစ်သီးမျိုးစုံအရောင်းသွက်

Powered by Drupal

          တပို့တွဲလနှမ်းမနဲပွဲဟုဆိုရိုးစကားအတိုင်း မြန်မာလူမျိုးတို့သည် တပို့တွဲလရောက်တိုင်း ပြည်နယ်အသီးသီးတို့တွင် အသင်းအဖွဲ့အလိုက် ရုံးဌာနအဖွဲ့အလိုက် နှမ်းမနဲထိုးပြိုင်ပွဲကို အပြိုင်အဆိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် ဓလေ့ထုံးစံရှိပါသည်။ အချို့မှာ စုပေါင်း စပ်ပေါင်း၍ နှမ်းမနဲထိုးကြပြီး တပို့တွဲလပြည့်နေ့ နံနက်အာရုံတက်ချိန်တွင် နှမ်းမနဲကို ဆွမ်းတော် ကပ်လှူကြပြီး အခြားရက်များတွင်လည်း ရဟန်း၊ သံဃာတော်များကို လောင်းလှူကြပါသည်။ ယခုနှစ်ရာသီချိန်တွင် ကောက်ညှင်းဆန်နှင့် နှမ်းမနဲတွင် အသုံးပြုရသည့် မြေပဲဆံ၊ နှမ်းလှော်၊ အုန်သီးတို့မှာ ဈေးကွက်တွင် အရောင်းသွက်လျှက်ရှိသည်။ နှမ်းမနဲထိုးရာတွင် ကောက်ညှင်းဆန် အဟောင်းနှင့်သာ ထိုးရသည်မှာ အဆင်ပြေသည့်အတွက် ကောက်ညှင်းဆန် အဟောင်းတစ်ပြည် လျှင် ၅၅၀၀/၆၀၀၀ ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၄၀၀၀/၁၅၀၀၀ ကျပ်၊ စားဆီတစ်ပိဿာ လျှင် ၁၂၀၀၀ ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် ၈၀၀၀/၈၅၀၀ ကျပ်၊ နှမ်းလှော်(၂၅)သား တစ်ထုပ် လျှင် ၃၀၀၀/၃၅၀၀ ကျပ်၊ အုန်းသီးတစ်လုံးလျှင် ၃၀၀၀/၃၅၀၀ ကျပ်တို့ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်သွက်လျှက်ရှိပြီး သစ်သီးများမှာ အရွယ်အစားအလိုက် မာလကာသီးတစ်လုံးလျှင် ၇၀၀/၁၀၀၀ ကျပ်၊ လိမ္မော်သီးတစ်လုံးလျှင် ၅၀၀/၇၀၀/၈၀၀ ကျပ်၊ ပန်းသီးတစ်လုံးလျှင် ၁၀၀၀/ ၂၀၀၀/၃၀၀၀ ကျပ်၊ ထိုင်ဝမ်ဆီးသီးတစ်လုံးလျှင် ၂၀၀/၂၅၀/၃၀၀ ကျပ်၊ ထောပတ်သီးတစ်လုံး လျှင် ၇၀၀/၁၀၀၀/၁၅၀၀ ကျပ်၊ စတော်ဘယ်ရီ(၂၅)ကျပ်သားလျှင် ၄၅၀၀/၅၀၀၀ ကျပ်၊ ပန်းသစ် တော်တစ်လုံးလျှင် ၃၀၀၀/၃၅၀၀ ကျပ်၊ သင်္ဘောသီးတစ်လုံးလျှင် ၃၀၀၀/၃၅၀၀/၄၀၀၀ ကျပ် အသီးသီးရှိကြပြီး တပို့တွဲလပြည့်နေ့နံနက်တွင် နှမ်းမနဲနှင့်အတူ သစ်သီးဆွမ်းကပ်လှူရန် အတွက်လည်း အရောင်းအဝယ်သွက်လျှက်ရှိကြောင်း သစ်သီးအရောင်းဆိုင်မှ စုံစမ်းသိရှိရ ပါသည်။

DOCA(မန္တလေး)