
ဖေဖော်ဝါရီလဒုတိယပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ ပဲစိမ်းအစိုစျေးကွက်တွင် ထောပတ်ပဲစိမ်း၊ ပဲကြီးအစို၊ စားတော်ပဲစိမ်း၊ ပဲစာဥ၊ ပဲလိပ်ပြာ၊ ပဲစင်းငုံ၊ ရွှေပဲသီးတို့နှင့်အတူ နွေပဲသီးများ ဝင်ရောက်မှုများပြားလျက်ရှိပါတယ်။ မန္တလေးဒေသတွင်းမြို့နယ်များမှ ထွက်သည့် ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ ကျန်ဒေသများမှလည်းဝင်ရောက်ကြောင်းသိရပါတယ်။ ၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများပိုမိုဝင်ရောက်လျှက်ရှိပြီး၊သီရိမာလာစျေးမှာ မန္တလေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက်ကြောင်းသိရပါတယ်။ သီရိမာလာစျေးအတွင်း ပန်းမျိုးစုံ၊ ငါး၊ပုဇွန်နှင့် ရေထွက်ပစ္စည်းများနှင့် ကုန်စိမ်းဟင်းရွက်ဟင်းသီး များဖြစ်သည့် ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ/ဖြူ၊ဂျင်း၊ နနွင်းတက်၊ မုန့်ညင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ဘိုစားပဲသီး၊ ဟင်းနုနွယ်ရွက်၊ ကိုက်လံရွက်၊ဆလပ်ရွက်၊ကန်စွန်းရွက်တို့အနက်နွေပဲသီးလည်း ဝင်ရောက်မှုများကြောင်း သိရပါ တယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ကုန်စိမ်းသီးနှံပဲအစိုမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ နွေပဲသီးပေါက်စျေးအနေဖြင့် လက္ကားစျေးတစ်ပိဿာလျှင် ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်၊ လက်လီ စျေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်နှင့် ၅၀၀၀ကျပ်အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ကုန်စိမ်းစျေးကွက်အတွင်း ပဲအစိုမျိုးစုံဝင် ရောက် လျက် ရှိပြီး၊ နွေပဲသီးမှာအရောင်းသွက်လျက်ရှိသည့်အမယ်ဖြစ်ကြောင်း ကုန်စိမ်းပဲအစိုစျေးကွက် အတွင်းမှ သိရပါတယ်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ပဲစိမ်းအစိုမျိုးစုံ အပါအဝင် ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)