စားအုန်းဆီအရောင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၇) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်ဦးစီးမှူးရုံး၌ စားအုန်းဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူး က ကယားပြည်နယ်မှတိုက်ပွဲရှောင်ပြည်သူများ ရပ်ကွက်အတွင်းပြန်လည်ဝင်ရောက် နေထိုင်မှုအပေါ်မူတည်၍ စားအုန်းဆီအရောင်းဆိုင်များအား ရပ်ကွက်အလိုက် တိုးချဲ့ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ရန်လျာထားခဲ့ရာ ပြည်နယ်ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှလိုက်ပါဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ လက်ရှိရောင်းချ နေသော စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် ကယားပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ထည့်သွင်းသွားနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေ အားလည်းကောင်း၊ သက်ဆိုင်ရာဌာနများမှ လုပ်ငန်းလိုင်စင်ရရှိနိုင်ရေးဆောင်ရွက်နေမှုအခြေအနေ အားလည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရရှိနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေအားလည်းကောင်း  အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအား နံနက် (၁၁:၃၀)  နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ကယား)