မြေပဲ တစ်ဧကစိုက်ပျိုးမှု အခြေခံကုန်ကျစရိတ်

Powered by Drupal

                 ကယားပြည်နယ်တွင် မြေပဲ တစ်ဧကစိုက်ပျိုးမှုအတွက် မြေပြုပြင်ခြင်းမှ ဈေးကွက်အတွင်း ရောက်ရှိသည်အထိ ကုန်ကျစရိတ် အသေးစိတ်များမှာ မြေပြုပြင်ခြင်းတွင် ထည်၊ ထွန်၊ ကြမ်းတုံးရိုက်၊ အမှိုက်ကောက်၊ နွားချေးချခြင်းများအတွက် ကုန်ကျစရိတ်မှာ(၁၀၈၀၀၀/-) ကျပ်ခန့်၊ စိုက်ခင်းပြုပြင်ခြင်းတွင် စိုက်ကြောင်းဆွဲခြင်း၊ မျိုးစေ့ချခြင်း၊ ဓာတ်မြေဩဇာကြဲ ခြင်းအတွက် ကုန်ကျစရိတ်မှာ (၄၇၀၀၀/-) ကျပ်ခန့်၊  အပင်ပြုစုခြင်းတွင်အပင်ခွဲခြင်း၊ ကြားထွန်လိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ ဓာတ်မြေဩဇာကြဲခြင်း၊ ဆေးဖြန်းခြင်း ကုန်ကျစရိတ်မှာ(၈၄၀၀၀/-) ကျပ်ခန့်၊ ရိတ်သိမ်းခြင်းတွင် အပင်နှုတ်၊ အတောင့်ခြွေ၊ သန့်စင်/ နေလှန်းခြင်း၊ သယ်ယူခြင်းများအတွက်  ကုန်ကျစရိတ် (၁၂၈၀၀၀/-) ကျပ်ခန့်၊ သွင်းအားစု များတွင် မျိုးစေ့၊ ကွန်ပေါင်း၊ ကျောက်မှုန့်(၁၀)ကီလို၊ ပိုးသတ်ဆေးများအတွက် ကုန်ကျစရိတ် (၂၅၅၀၀၀/-) ကျပ်ခန့် ရှိပြီး တစ်ဧကကုန်ကျစရိတ်မှာ(၆၂၂၀၀၀/-)ကျပ်၊ တစ်ဧက အထွက်တင်း မှာ ၄၉တင်း၊ တစ်တင်းဈေးနှုန်းမှာ (၂၅၀၀၀/-) ကျပ်၊ တစ်ဧကဝင်ငွေမှာ (၁၂၂၅၀၀၀/-) ကျပ်၊ အသားတင်အမြတ်မှာ (၆၀၃၀၀၀/-) ကျပ်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရှိရပါသည်။

DOCA(ကယား)