
ဘားအံမြို့ ၁၁ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် ပဲပြားဈေးနှုန်း အနည်းငယ်မြင့်တတ်နေကြောင်း သိရသည်။
လူအများကြိုက်နှစ်သက်သည့် ပဲပြားသည် ပရိုတင်းဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာတစ်မျိုးဖြစ်သည်။ ပဲပြားကို ကြော်ကာအစာသိပ်လုပ်စားခြင်း၊ ပဲပြားတုတ်ထိုးလုပ်စားခြင်း၊ ပဲပင်ပေါက်နှင့်ကြော်စားခြင်း၊ ပဲပြားသုပ်လုပ်စားခြင်း၊ ခရမ်းချဉ်သီးနှင့် အခြားမိမိ ကြိုက်နှစ်သက်ရာ အမျိုးမျိုး ပြုလုပ်စားသုံးနိုင်ပါသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများရှိ ပဲပြားဈေးနှုန်းများမှာ ယခင် ပဲပြားလက်ကားဈေး တစ်ပြားလျှင် (၂၃၀)ကျပ်၊ လက်လီဈေး ပဲပြားတစ်ပြားလျှင် (၂၅၀)ကျပ်နှင့် ယခု ပဲပြားလက်ကားဈေး တစ်ပြားလျှင် (၂၃၀)ကျပ်နှင့် လက်လီဈေး ပဲပြားတစ်ပြားလျှင် (၂၅၀)ကျပ်တို့ဖြင့် ပဲပြားဈေးနှုန်း ယခင်အတိုင်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)