
မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် (၆.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ ယောဝရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းရှိ မုန့်မျိုးစုံရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် ကုန်စည်များ တွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံ စွာဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကိုရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆိုင်များ၌ ရောင်းချသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံပြီး ဘေးအန္တရာယ်ကင်းသောကုန်စည်များကို ရောင်းချကြောင်းတွေ့ရှိရပြီး အသုပ်မျိုးစုံရောင်းချရာတွင်လည်း ဈေးသည်များမှ တစ်ခါသုံးလက်အိတ်သုံးစွဲပြီး သန့်ရှင်းသပ်ရပ်စွာရောင်းချနိုင်ရေး အသိ ပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)