ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)ရှိ ကျောင်းမုန့်ဈေးတန်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းသည် (၇.၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)ရှိ ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချနေသောမုန့်များမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော မုန့်များရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး မြန်မာမုန့်များရောင်းချသူများမှာလည်း မုန့်များအား တစ်ခါသုံးလက်အိတ်များသုံးစွဲခြင်း၊ ယင်လုံဇကာ များဖုံးအုပ်၍ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး ကျောင်းမုန့်ဈေးတန်း၌ မုန့်ရောင်းချနေသူများ အနေဖြင့် အစားအသောက်များကိုင်တွယ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်ရောင်းချကြရန်၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက် နှင့် ကိုက်ညီမှုရှိသည့်မုန့်များသာဝယ်ယူရောင်းချကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)