![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/169_7.jpg?itok=ASC-Ghxj)
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဖေဖော်ဝါရီ လ ၅ ရက် နံနက် (၁၃:၀၀) နာရီအချိန်က မုံရွာမြို့၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထန်းသိမ်းရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။
အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးက တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ် လုပ်မှုနည်းပညာ သင်တန်းသား /သူများအား အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်း ဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကား ပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန် များပြောကြားခဲ့ပြီးစားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသောက်ကုန်များ ထုတ်လုပ်သင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ်တိုင် သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများ အပေါ်ဌာနမှဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံ တင်ခြင်း အကြောင်းများကို သိပညာ ပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် ဝန်ထမ်းများ စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ အကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ သိလိုသည့် မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)