ပြည်ကြက်သွန်ဈေး အနည်းငယ်မြင့်တက်

Powered by Drupal

            ပြည်ကြက်သွန်နီဈေးကွက်သို့ ဆိပ်ဖြူ၊ တောင်တွင်း၊ အောင်လံဘက်မှ ကြက်သွန်နီများ ယခုတစ်ပတ်တွင် ပိဿာ(၃၀)ဝင်အိတ် ၄၅၀ခန့် အဝင်ရှိနေပြီး အရောင်းအဝယ်အနေဖြင့် ပြည်ပွဲရုံ ဈေးကွက်အတွင်း ကဆုန်လပြည့်အလှူအတန်းများကြောင့် အရောင်းအဝယ်သွက်ခဲ့ပြီး ယခုလပြည့် ကျော်နောက်ပိုင်းကာလများတွင် အရောင်းအဝယ်အေးလျက်ရှိပြီး ပြည်ဈေးကွက်မှ သာယာဝတီခရိုင်သို့ လည်းကောင်း၊ ပန်းတောင်း ဥသျှစ်ပင်သို့လည်းကောင်း၊ ဧရာဝတီတိုင်း ကြံခင်းဘက် သို့လည်းကောင်း စျေးကွက်စီးဆင်းမှုများလည်းရှိနေပါသည်။ ဈေးနှုန်းမှာ ယခင်အပတ်ကထက် တစ်ပိဿာလျှင် ကျပ် ၁၅၀နှုန်း မြင့်တက်လျက်ရှိပြီး ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် ၁၀၅၀/၉၅၀/၈၅၀ တို့နှင့် လက်လီဈေးအသေးများတွင် တစ်ပိဿာလျှင် ကြီး/လတ်/သေး ၁၃၀၀-၁၂၅၀/၁၂၀၀-၁၁၀၀/၁၀၀၀-၉၀၀ နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ်မှုရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)