![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6_120.jpg?itok=8MSKr9xM)
ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် (မြိတ်မြို့)သို့ ရေလမ်းဖြင့် တင်ပို့လျက်ရှိပါသည်။ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ ဖေဖေါ်ဝါရီလ(၁)ရက်နေ့မှ (၁၀)ရက်နေ့ထိ ပြည့်ဖြိုးအောင်(၉)ရေယာဉ် ဖြင့် ပေါ်ဆန်းဆန်(၃၀၀)အိတ်၊ ဧည့်မထဆန် (၂၇၀၀)အိတ်၊ စုစုပေါင်းအိတ်အရေအတွက် ( ၃၀၀၀ ) အိတ်တင်ပို့ခဲ့ပြီး၊ ထိုသို့တင်ပို့ရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်( MRF )၏ ရည်ညွှန်းသတ်မှတ် ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်သတင်းများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)