Main menu

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်မှ တနင်္သာရီတိုင်းဒေသကြီး(မြိတ်မြို့)သို့ ဆန်တင်ပို့မှုအခြေအနေ

Powered by Drupal

        ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် (မြိတ်မြို့)သို့ ရေလမ်းဖြင့် တင်ပို့လျက်ရှိပါသည်။ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ ဖေဖေါ်ဝါရီလ(၁)ရက်နေ့မှ (၁၀)ရက်နေ့ထိ ပြည့်ဖြိုးအောင်(၉)ရေယာဉ် ဖြင့် ပေါ်ဆန်းဆန်(၃၀၀)အိတ်၊ ဧည့်မထဆန် (၂၇၀၀)အိတ်၊ စုစုပေါင်းအိတ်အရေအတွက် ( ၃၀၀၀ ) အိတ်တင်ပို့ခဲ့ပြီး၊  ထိုသို့တင်ပို့ရာတွင်  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်( MRF )၏ ရည်ညွှန်းသတ်မှတ် ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်သတင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)