မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ် မြို့မဈေးတွင် ရောင်းချလျှက် ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်း ကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျှက်ရှိပြီး လိုအပ်ချက်ရှိပါက မန္တလေးမှလည်း ဝယ်ယူရောင်းချကြကြောင်း သိရှိရသည်။ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်ခဲ့သော ကြက်ဥ၊ ငုံးဥ၊ ဘဲဥဈေးနှုန်းများမှာ အလုံးအကြီးအသေး ပေါ်မူတည်၍ ကြက်ဥတစ်လုံးလျှင်(၄၀၀/၄၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၆၀၀/၇၀၀)ကျပ်၊ ငုံးဥ(၁၀) လုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ပါသည်။ ယခုဖေဖော်ဝါရီလဆန်းပိုင်း တွင် ကြက်ဥတစ်လုံးလျှင်(၃၅၀/၄၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၅၀၀/၆၀၀)ကျပ်၊ ငုံးဥ(၁၀)လုံးလျှင် (၉၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခင်လနှင့် ယခုလ နှိုင်းယှဉ်ပါက ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ရောင်းချသူ ထံမှ သိရှိရသည်။
DOCA(မန္တလေး)