ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီဈေးကွက်

Powered by Drupal

မန္တလေးဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်ဘက်မှလာသော ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများအပြင် ပြင်ဦးလွင်ဒေသထွက် ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီများနှင့် ဒေသထွက် ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများ အများ အပြား လှိုင်လှိုင်ဝင်ရောက်လျှက်ရှိပါသည်။ ဆောင်းရာသီစာများဖြစ်သော မုံညင်း၊ ကိုက်လန်၊ ဆလပ်ရွက် တို့နှင့်အတူ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ယခုအခါ ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများ အများအပြား ဝင်ရောက်ခဲ့ခြင်းကြောင့် ဈေးနှုန်းများ သိသိသာသာကျဆင်းသွားပါသည်။ ပေါ်ဦးပေါ်စ ဒီဇင်ဘာလဆန်းပိုင်း တွင်ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီများအကြီးတစ်ပွင့်လျှင်(၁၅၀၀/၂၀၀၀)ကျပ်၊ အသေးတစ်ပွင့် လျှင်(၁၀၀၀/၁၅၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ရှိခဲ့ရာမှ ယခု ဖေဖော်ဝါရီ ဒုတိယအပတ်တွင် ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီအကြီးတစ်ပွင့်လျှင်(၁၀၀၀/၁၅၀၀)၊ အသေးတစ်ပွင့်လျှင်(၇၀၀/၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်း ဝယ်လျှက်ရှိကြောင်း သိရှိရသည်။ စတင်ထွက်ပေါ်ချိန်နှင့် ယခုအချိန်နှိုင်းယှဉ်ကြည့်ပါက ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီဈေးနှုန်းများ သိသိသာသာကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

DOCA(မန္တလေး)