![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/15_63.jpg?itok=MgA-tB7e)
ဖေဖော်ဝါရီလဒုတိယပတ်အတွင်းကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက် ကုန်စိမ်းသီးနှံများ ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။ မန္တလေးမြို့ ၄၁ လမ်းစျေး (ကမ်းနားလမ်းစျေး)နှင့် သီရိမာလာဈေး(ပိုက်ကျုံးစျေး)တို့ မှာ ဟင်းသီး ဟင်းရွက်ကုန်စိမ်းများလက်လီ/လက္ကားရောင်းချသည့်စျေးများဖြစ်ပါတယ်။ ၄၁လမ်း စျေးမှာမန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ သီရိမာလာစျေးမှာ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ဝင်ရောက်မှုများ ကြောင်း သိရပါတယ်။ ကင်းပုံသီးမှာ အချိုမျိုးနှင့်အခါးမျိုးနှစ်မျိုးရှိပြီး၊အချိုမျိုးသည် အသီးနှင့်အရွက် နှစ်မျိုးစလုံးစားသုံးနိုင်ကြောင်းသိရပါတယ်။ကင်းပုံသီးအခါးသီးမှာ ပို၍ဆေးဖက် ဝင်ကြောင်း သိရ ပါတယ်။ ကင်းပုံသီးသည်(၁၂)လ ရာသီနီးပါးထွက်ရှိသည့် အစားအစာဖြစ်ပြီး၊ ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးစားသုံးကြပါတယ်။ ကင်းပုံသီးအရသာမှာ ချိုခြင်း၊ အေးခြင်း၊ ဖန်ခြင်း၊ စိမ့်ခြင်း၊ ငန်ခြင်းနှင့်နှုတ်မြိတ်စေပြီး ၊ ကင်းပုံသီးစားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်း၊လေနိုင်ခြင်း၊ ခေျာင်းဆိုးရောဂါ ကိုသက်သာစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ နှလုံးနှင့် အာရုံကြောစနစ်ကို ကောင်းမွန်စေခြင်း၊ အဝလွန်ခြင်းကိုထိန်းညှိပေးခြင်း၊သွေးအားနည်းခြင်းနှင့်မောပန်း ခြင်း တို့ကို သက်သာစေနိုင်ကြောင်း သိရပါတယ်။ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကုန်စိမ်း သီးနှံကင်းပုံသီးမှာ ဝင်ရောက်မှုများပြားပြီး၊ ကင်းပုံသီးအချိုသီး (၂၅) လုံးလျှင် ၁၅၀၀ ကျပ် နှင့်၂၀၀၀ ကျပ်၊အခါးသီး (၂၅)လုံးလျှင် ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်၊ အခါးမျိုး(အလုံးသေး) စျေးမှာ တစ်ပိဿာ လျှင်၁၅၀၀ကျပ်နှင့် ၂၀၀၀ ကျပ်အသီးသီးဖြစ်ပေါ်လျက်ရှိပါတယ်။ ကင်းပုံသီးမှာ အလုံးအရွယ်အစား အလိုက် စျေးအနည်းငယ်ကွာခြားမှုရှိပြီး၊ အရောင်းသွက်လျက်ရှိသည့် ကုန်စိမ်းအမယ် ဖြစ်ကြောင်း သီးနှံပွဲရုံကုန်သည်တစ်ဦး၏ပြောပြချက်အရသိရပါတယ်။ မန္တလေးကုန်စိမ်း စျေးကွက်သို့ ၁၆ မိုင်၊ ထုံးဘိုဂိတ်မှတဆင့် ၂၆.၁.၂၀၂၅ မှ၁၀.၂.၂၀၂၅ ရက်နေ့အထိ ကုန်စိမ်းတင်ယာဉ်ဝင်ရောက်မှု မှာ ၁၂ ဘီးနှင့် ၆ ဘီးယာဉ် (၁၅၆)စီး ဝင်ရောက်ကြောင်း သိရပါတယ်။
DOCA(မန္တလေး)