![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/183_8.jpg?itok=TkexCjDK)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ပန်းဂေါ်ဖီကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။ ကန့်ဘလူမြို့ မြို့မဈေးတွင် စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ပန်းဂေါ်ဖီများကို ယခင်ကာလများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလများတွင် ဒေသတွင်း လှိုင်လှိုင်ထွက်ရှိသည့် ပန်းဂေါ်ဖီများကိုသာ ဝယ်ယူရောင်း ချလျက်ရှိပြီး ပန်းဂေါ်ဖီပွင့်များကို အပွင့်အကြီး /အသေး သောင်းပြောင်းဝယ်ယူကာ ဖောက်သည်ဈေးနှုန်းအနေဖြင့် ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၁၅၀၀)ကျပ် ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူမျာကို ပြန်လည်ရောင်းချသည့် ဈေးနှုန်းမှာ ယခင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ပန်းဂေါ်ဖီအပွင့်အကြီး/ အသေးပေါ်မူတည်၍ တစ်ပွင့်လျှင်(၁၅၀၀/ ၁၈၀၀/၂၀၀၀)ကျပ် ဈေးနှုန်းများဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ပန်းဂေါ်ဖီအပွင့်အကြီး/ အသေးပေါ်မူတည်၍ တစ်ပွင့်လျှင်(၁၈၀၀/၂၀၀၀/၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင် ဖေဖော်ဝါရီလ ပထမအပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ပန်းဂေါ်ဖီ ဈေးနှုန်း အနည်းငယ်မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)