![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/184_8.jpg?itok=dgEIE0lr)
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုး ထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူပုတ်ရွက်ကို ယခု ဖေဖော်ဝါရီ လ လဆန်းပိုင်းတွင် စတင်ပေါ်ထွက်လာပြီး ဈေးကွက်အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ဆူးပုတ်ရွက်ကို မိမိတို့ဒေသတွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများကြသော အရွက်တစ်မျိုးဖြစ်ပါသည်။
ဆူးပုတ်ရွက်ကို မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးနှင့် အသုံးပြုကြပုံမှာ ဆူးပုတ်ရွက် ကို အစည်းလိုက်ချက်စားခြင်း၊ ကန်ဇွန်းရွက်၊ ပဲတီပင်ညှောက်၊ ပဲနီပင်ညှောက် ၊ဂွေးတောက်ရွက်၊ ကြက်ဥ တို့ဖြင့် ကြော်စား/ချက်စားခြင်း၊ ပဲဟင်းချို/ ဟင်းချိုဟင်း များထဲတွင်လည်း ခတ်စားကြပြီး ပိတ်စွယ် ၊ ပိန္နဲသီးအနုပြုတ်၊ ခရမ်းသီးခြောက် စသည်တို့နှင့်လည်း ရောနှော၍ချက်စားကြပါသည်။
ယခု ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း (၁)စည်းလျှင်(၄၀၀)ကျပ်၊ (၂)စည်းလျှင်(၇၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)