![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/187_9.jpg?itok=VjDahb3y)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံအစုံရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို လုပ်ကိုင်ရောင်းချလျက်ရှိကာ ကုန်စိမ်းသီးနှံ များအား ရာသီအလိုက် ပေါ်ပင်သီးနှံများကို နေရာဒေသမရွေးကနေ ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ သီးနှံတုန်းသည်အထိ ရောင်းချကြောင်းသိရပါသည်။
ငရုပ်သီးစိမ်းများထဲမှ မိုးထော်ငရုပ် ကျောက်စိမ်းသီးနှင့် ကုလားအော်သီး တို့ကိုရောင်းချလျက် ရှိပါသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ကန့်ဘလူမြို့ မစည်ပင်သာယာဈေး အတွင်း၌ ငရုပ်သီးစိမ်း၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ် (ကျောက်စိမ်းသီး) တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင်(၁၅၀၀၀)ကျပ် နို့ဆီ တစ်ဘူးလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းအသီးသီး ဖြင့်ရောင်းချလျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လ ဒုတိယအပတ်တွင် ကန့်ဘလူမြို့ မစည်ပင်သာယာဈေးအတွင်း ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ် (ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ၂၅ကျပ်သား လျှင်(၈၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင်(၁၈၀၀၀)ကျပ် နို့ဆီ တစ်ဘူးလျှင်(၂၅၀၀)ကျပ် တို့ဖြင့် အသီးသီး ရောင်းချလျက်သောကြောင့် ယခင် အပတ်နှင့်နှိုင်းယှဉ် ကြည့်မည့်ဆိုပါက ငရုပ်သီးစိမ်း ဈေးနှုန်း မိုးထော်ငရုပ် (ကျောက်စိမ်းသီး) တစ်ပိဿာလျှင် (၁၀၀၀) ကျပ် ကျဆင်းလျက်ရှိပြီး ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင်(၃၀၀၀)ကျပ် မြင့်တက်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေး ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)