![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/1_226.jpg?itok=xYWXjeUJ)
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)မျိုးကို ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မယ်ဇလီတော၊ ဥယျာဉ်၊ ပန်းတော်ပြင်စသည့်ကျေးရွာများအပြင် တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူ ရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် အလုံးအကြီး အသေး အလိုက် ကျပ်(၁၀၀၀-၁၃၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇန်နဝါရီလ(ဒုတိယပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀)ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိရာ လ(၂)လနှိုင်းယှဉ်ပါက ကျပ်(၂၀၀၀-၂၂၀၀)ထိ ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီး စိုက်ခင်းများမှာ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သောကြောင့် ခရမ်းချဉ်သီးဈေးနှုန်းများမှာ တရိပ်ရိပ်ကျဆင်း လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)