![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/189_9.jpg?itok=KNZvp-Ve)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ကြက်သားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။
ကြက်သားများသည် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချရာ မွေးမြူရေးကြက် အကောင်အရှင်များကို ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဈေး တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်နှင့် ဗမာကြက် တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူများထံသို့ ရောင်းချသည့် ကြက်သားဈေးနှုန်းများမှာ ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်၏ ကြက်သားဈေးနှုန်းများ အနေဖြင့် တစ်ပိဿာလျှင် မွေးမြူရေးကြက်သားဈေးနှုန်း လက်လီဈေး (၂၂၀၀၀)ကျပ်၊ လက္ကားဈေး (၂၀၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး(၃၅၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်း အနေဖြင့် တစ်ပိဿာလျှင် လက်လီဈေး (၁၆၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)