ကန့်ဘလူမြို့နယ်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းများ ကျဆင်းလျက်ရှိ

Powered by Drupal

            ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့်ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီး များကို မန္တလေးတိုင်းဒေသကြီး မှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

          ခရမ်းချဉ်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် ဆောင်းရာသီတွင် မိမိတို့ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ဒေသတွင်း ခရမ်းချဉ်သီးများကိုသာ မှာယူရောင်းချရပါသည်။ ဒေသထွက် ခရမ်းချဉ်သီးမှာ အချိန်ကြာမြင့်စွာထားလျှင် ပုတ်လွယ်ပြီး အထားမခံသည့်အတွက် အကြိုက်နည်းကြပေမဲ့ ဈေးနှုန်းအနေဖြင့် သက်သာသောကြောင့် ယခုအခါမှာတော့ ဒေသထွက်ခရမ်းချဉ်သီးများကိုသာ လှိုင်လှိုင်ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရှိရ ပါသည်။

            ယခင် ၂၀၂၅ ခုနှစ်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမ အပတ်တွင် ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ရိုးရိုး ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၈၀၀/ ၂၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၅၀၀) ကျပ်နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံး အကြီး/အသေး ပေါ်မူတည်၍ တစ်ပိဿာလျှင် (၁၃၀၀/၁၅၀၀) ကျပ်ဖြစ်ကာ (၂၅)ကျပ်သားလျှင်(၄၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ရိုးရိုး ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၅၀၀/၁၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၄၀၀)ကျပ်နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံး အကြီး/အသေး ပေါ်မူတည်၍ တစ်ပိဿာလျှင်(၁၀၀၀/၈၀၀)ကျပ်ဖြစ်ကာ (၅၀)ကျပ်သားလျှင်(၅၀၀/၄၀၀)၊ (၂၅)ကျပ်သားလျှင်(၃၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင် ဖေဖော်ဝါရီလ ပထမ အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်မည့်ဆိုပါက  ခရမ်းချဉ်သီး ဈေးနှုန်း ထက်ဝက်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)