![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/192.png?itok=EfWpXCu2)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံ စိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဈေးကွက် အတွင်းတင်သွင်းရောင်းချခြင်းမရှိစေရန်နှင့် ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ်၊ ကောင်းမွန်သောဆေးဝါး သိုလှောင်မှုကျင့်စဉ်များ ကျင့်သုံးစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဝန်ထမ်း (၂)ဦး၊ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်း (၂) ဦး၊ တိုင်းဒေသ ကြီးအထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်း(၁)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၁)ဦးတို့သည် (၁၁.၂.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆေးရုံ၊ ဆေးရုံ၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင်မုံရွာမြို့ပေါ်ရှိ ဆေးရုံ၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းများတွင် ကျန်းမာ ရေးအထောက် အကူပြုပစ္စည်းများ၊ ဆေးဝါးများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များအား သိုလှောင်းထားခြင်းရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွား ရွက် သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ဆေးနှင့်ဆေးပစ္စည်းများအား တင်သွင်းရောင်းချ ရမည်ဖြစ် ကြောင်း၊ ကောင်းမွန်သောဆေးဝါး ရောင်းချမှုကျင့်စဉ်၊ ကောင်းမွန်သောဆေးဝါး သိုလှောင်မှုကျင့်စဉ်များနှင့် ထားသိုရောင်းချရမည်ဖြစ် ကြောင်း၊ စံမညီဆေးဝါးများ ရောင်းချခြင်း မပြုကြရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)