ကန့်ဘလူမြို့တွင် ရောင်းချနေသည့်စတော်ဘယ်ရီသီး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် စတော်ဘယ်ရီသီးများကို ပြင်ဦးလွင်မြို့မှ  ဝယ်ယူရောင်းချ လျက်ရှိ‌ကြောင်း သိရသည်။

             စတော်ဘယ်ရီကို သရေစာအဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်ပြုလုပ်၍လည်းကောင်း အများဆုံးစားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း စတော်ဘယ်ရီသီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့်ရောင်းအားကောင်း ကြောင်းကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)