![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/196_7.jpg?itok=aqpMx0-T)
ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဘူးသီးများ စိုက်ပျိုးကာ ဒေသထွက် ဘူးသီးများ ဈေးကောင်း ရရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ပထမအပတ်တွင် ဒေသထွက်ဘူးသီး ဈေးနှုန်းအနေဖြင့် ဘူးသီး အလုံး(အကြီး/အသေး) ပေါ်မူတည်၍ တစ်လုံးလျှင်(၂၀၀၀/၂၅၀၀/၃၀၀၀)ကျပ်၊ ဘူးသီးတစ် စိတ်လျှင် (၅၀၀)ကျပ် ဈေးနှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ဒုတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်နေသော ဘူးသီး ဈေးနှုန်းအနေဖြင့် ဘူးသီး အလုံး(အကြီး/အသေး) ပေါ်မူတည်၍ တစ်လုံးလျှင် (၂၀၀၀/၂၅၀၀)ကျပ်၊ ဘူးသီးတစ်စိတ်လျှင် (၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင် အပတ်နှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဘူးသီးဈေးနှုန်း အနည်းငယ် ကျဆင်းလျက်ရှိပြီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်း အဝယ် လုပ်နေသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း