
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများရှိသလို လက်လုပ်လက်စားလုပ်ငန်းလုပ်ကိုင်ပြီး တောတောင်ဒေသကိုအမှီပြု၍ နွေရာသီ ချိန်တွင် ပျားဖွတ်၍ ပျားရည်နှင့်ပျားသလက်ရှာဖွေသည့် လုပ်ငန်းကိုလုပ်ကိုင်ကြပြီး ပျားရည်နှင့် ပျားသလက်ကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခု ဖေဖော်ဝါရီလ ဒုတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်နှုန်း၊ ပျားသလက် (၁၀)ကျပ်သားခန့် တစ်ပြားလျှင်(၁၀၀၀)ကျပ် နှင့် ပျားသလက် (၅)ကျပ်သားခန့် တစ်ပြားလျှင်(၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပျားသလက်ရောင်းချနေသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)